ဘ၀ရဲ့ရည်ရွယ်ချက် (Part 1)

Welcomeပါ...ရောက်လာခြင်းကို ကြိုဆိုပါတယ်။

ဘ၀ဆိုတာနဲ့ ဘ၀ရဲ့ရည်ရွယ်ချက်ဆိုတာကို တချို့သောသူတွေက အိမ်မက်၊ တချို့ကျပြန်တာ့ အောင်မြင်ခြင်းတဲ့၊ တချို့က ကောင်းမွန်ပြည့်စုံစွာ ရှင်သန်ခြင်း ဆိုပြီး အဓိပ္ပါယ်ကိုယ်စီဖွင့်ကြတယ်။ အထက်ပါ ဘ၀အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်တို့အတွက် ကြိုးစားကြတယ်။ ရုန်းကန်ကြတယ်။ ဝိရိယထားကြတယ်။

ဒါသည်ကောင်းသောအချက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒါသည်ဘ၀ရဲ့အဓိပ္ပါယ်၊ ဘ၀ရဲ့ရည်ရွယ်ချက်အစစ်အမှန်ဖြစ်ပါရဲ့လား။ အသက်အရွယ်အလိုက် ဘ၀ကိုခံယူပုံလည်း ကွာသွားကြတယ်။ ကလေးတစ်ဦး၏ဘ၀ကိုလက်ခံပုံ၊ လူငယ်တစ်ဦး၏ ဘ၀ကိုအဓိပ္ပါယ်ဖွင့်ဆိုပုံနဲ့ ရင့်ကျက်သောလူကြီးတစ်ဦး၏ သူ၏အတွေ့အကြုံအရ ဘ၀ရံအဓိပ္ပါယ်၊ ဘ၀ရဲ့ရည်ရွယ်ချက်ကို သတ်မှတ်ပုံတွေက မတူနိုင်ပါဘူး။


စည်းစိမ်ဥစ္စဓနရှိသောသူနဲ့ မရှိသောသူမှာလည်း ဘ၀ကိုအဓိပ္ပါယ်ဖွင့်ဆိုပုံတွေကလည်း ကွာသွားဦးမှာပါ။ ဘ၀ရဲ့အဓိပ္ပါယ်၊ ဘ၀ရဲ့ရည်ရွယ်ချက်ကို မိမိနယ်ပယ်ကနေ အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြမှာပါ။ယခုစာဖတ်နေသူရော ဘ၀ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုမလဲ။


ဘ၀ဆိုသောအဓိပ္ပါယ်နဲ့ ဘ၀ရဲ့ရည်ရွယ်ချက်တို့ကိုဆက်လက်လေ့လာကြရအောင်။


ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ


ဆက်လက်လေ့လာမည်