နောင်ဘဝ (Part 2)
ထပ်ပြီးတော့ကြိုဆိုလိုက်ပြန်ပါတယ်။
နောင်ဘ၀နဲ့ပတ်သက်ပြီး လေ့လာတာတွေ၊ စဉ်းစားတာတွေ၊ စိတ်ဝင်စားတာတွေက လူသားတိုင်းအမှန်တကယ် လုပ်သင့်တဲ့အချက်ပါ။ သမ္မာကျမ်းစာရဲ့ ဖေါ်ပြချက်အရ နောင်ဘ၀တွင် သွားရမည့်နေရာ (၂)နေရာသာရှိတယ်။ ကောင်းကင်ဘုံနဲ့အပယ်ငရဲပေါ့။
သမ္မာကျမ်းစာမှာ - "အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှာ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။- ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၂:၄"
ကျမ်းစာပိုဒ်ရဲ့ ဆိုလိုချက်က ဘုရားသခင်က ငရဲကိုဖန်ဆင်းတာမှန်တယ်။ သို့သော် မကောင်းတဲ့လမ်းဘက်ကို ရောက်သွားသော ကောင်းကင်တမန်တို့ကို ထားမယ့်နေရာအဖြစ်ဘုရားသခင်ဖန်ဆင်းထားခဲ့တာပါ။ ထိုမကောင်းတဲ့ကောင်းကင်တမန်တို့ရဲ့ ဆွဲဆောင်မှုကို ခံယူလိုက်ပါသွားတဲ့ လူသားများဟာလည်း ငရဲကိုရောက်ရှိသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အမှောင်ရှိရင် အလင်းရှိသလို၊ ဒီငရဲကနေလူသားတို့ လွတ်မြောက်နိုင်ဖို့ ဘုရားသခင်ကပဲ ပြင်ဆင်ပေးပါတယ်။ ဘုရားသခင်ရဲ့တစ်ပါးတည်းသော သားတော်ယေရှုခရစ်တော်ဘုရားကို လောကလူသားများအတွက် အသေခံစေလျက်၊ အပြစ်လွတ်စေပါတယ်။
"ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။- ရှင်ယောဟန်ခရစ်ဝင် ၃:၁၆"
ဒါကိုသိပြီး ယေရှုခရစ်တော်ဘုရားကို ကယ်တင်ရှင်အဖြစ်ယုံကြည်ရင် အပယ်မလားရတော့ဘဲ၊ ကောင်းကင်ဘုံမှာထာ၀စဉ်နေသွားရမှာ ဖြစ်ပါတယ်။ ယေရှုခရစ်တော်ကို ယုံကြည်သွားလျက် နောင်ဘ၀ကို စိတ်ချသွားသော ဖြစ်ရပ်မှန်အကြောင်းရှိပါတယ်။
ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ