ယေရှုဆိုတာ ဘယ်သူလဲ (Part 1)
Welcomeပါ...ဒီနေရာကိုရောက်လာခြင်းအတွက် ကြိုဆိုပါတယ်။
မိတ်ဆွေအပါဝင် ကမ္ဘာပေါ်ရှိလူသားတိုင်း၏ဘ၀ကို အကျိုးထူးစေတဲ့သူ ယေရှုနဲ့ပတ်သက်ပြီး လွန်စွာအမေးများတဲ့အချက်တချက်က
“ ယေရှုကဘယ်သူလဲ ” ဆိုတဲ့အချက်ကိုပေါ့။
ဒီအချက်ကို မိတ်ဆွေလည်းသိသင့်ပြီး ဒီအမေးဟာလွန်စွာကောင်းတဲ့အမေးဖြစ်သလို၊ လူတိုင်းသိသင့်လျက်၊ယခုဘ၀၊နောင်ဘ၀နှင့်လည်းဆိုင်ပြီးအကျိုးရှိစေမယ့်အမေးမျိုးဖြစ်နေလို့ပါ။
ယေရှုကဘယ်သူလဲ ဆိုတဲ့အမေးရဲ့အဖြေကတော့...
-ယေရှုကဖန်ဆင်းရှင်ထာ၀ရဘုရားဖြစ်တယ်။ လောကကမ္ဘာနှင့်ကမ္ဘာပေါ်ရှိအရာရာတိုင်းနှင့်အထူးသဖြင့်လူသားကိုဖန်ဆင်းခြင်းခဲ့တဲ့သူ -ယေရှုသည် ယခင်ကတည်းကပင်ဘုရားဖြစ်တော်မူပါတယ်။ မည်သည့်ကျင့်စဉ်ကိုကျင့်ပြီးမှဘုရားဖြစ်လာတာမဟုတ်ဘဲ၊ကနဦးကတည်းကိုကဘုရားဖြစ်တော်မူပါတယ်။
-ယေရှုကကယ်တင်ရှင်ဖြစ်တယ်။ လူသားများတွေရဲ့ အကုသိုလ်ပြစ်ကြွေးများအားလုံးကို ပေးဆပ်ဖို့ကောင်းကင်ဘုံမှ လောကကိုကြွဆင်းလာခဲ့ပြီးလူသားဇာတိတော်ကိုခံယူလျက်၊လူသားများတို့ရဲ့ အကုသိုလ်ပြစ်ကြွေးများကိုလက်ဝါးကားတိုင်ပေါ်တွင်သူ၏အသက်၊အသွေးကိုပူဇော်ပေးဆပ်ခဲ့သောဘုရားဖြစ်တော်မူပါတယ်။
-ယေရှုသည်သေခြင်းကိုအောင်မြင်ခဲ့သောဘုရားဖြစ်တော်မူပါတယ်။ လူသားများအတွက်လက်ဝါးကားတိုင်ပေါ်တွင်ကိုယ်စားပူဇော်ခံပြီးအသေခံပေးသွားခဲ့ပါတယ်။ သင်္ဂြိုလ်ပြီး(၃)ရက်မြောက်သောနေ့မှာ သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သောဘုရားဖြစ်တော်မူတယ်။ -ယေရှုသည်ထာ၀စဉ်အသက်ရှင်တော်မူတဲ့ဘုရားဖြစ်တော်မူတယ်။ ယနေ့တိုင်အသက်ရှင်နေတော်မူလျက်လူသားများ၏ဆုပန်မှုများကိုနားထောင်လျက် ကူညီထောက်ပံ့မှုများနှင့် လူသားများကိုမစလျက်ရှိနေတော်မူသောထာ၀စဉ်အသက်ရှင်တော်မူသောဘုရားဖြစ်တော်မူပါတယ်။
-ယေရှုကလူသားတိုင်းကိုချစ်တဲ့ဘုရားဖြစ်တော်မူပါတယ်။ ယခုစာကိုကိုဖတ်နေသော မိတ်ဆွေကိုသာမက ကမ္ဘာပေါ်ရှိလူသားတိုင်းကိုချစ်နေတော်မူသောမေတ္တာရှင်ဘုရားသခင်ဖြစ်တော်မူတယ်။ သမ္မာကျမ်းစာမှာ ယေရှုအကြောင်းနှင့်ပတ်သက်ပြီး ပြောပြထားတာများရှိတယ်။ ဆက်လက်သိရှိလိုပါက "ဆက်လက်လေ့လာမည်" ကိုနှိပ်လိုက်မယ်ဆိုလျှင် သင့်ကိုအထူးအကျိုးရှိစေမည့် ဝေမျှမှုများကိုကြားသိရမှာဖြစ်ပါတယ်။