ယေရှုဆိုတာ ဘယ်သူလဲ (Part 4)
ယေရှုဘုရားကိုယုံကြည်သက်ဝင်လို့ဒီနေရာကိုရောက်ရှိလာခြင်းအတွက်ကြိုဆိုပါတယ်။ ယေရှုဘုရားကလေ မိတ်ဆွေကိုချစ်ပြီး၊ သိတဲ့ဘုရား၊
မိတ်ဆွေအနားမှာဘဲရှိနေလို့ ဒီလိုလုပ်ကြည့်ဖို့မေတ္တာဖြင့်ဖေါ်ပြအကြံပြုပါရစေ။
မိတ်ဆွေကိုယ်တိုင် စိတ်နှလုံးပါစွာဖြင့်ရင်ထဲကနေလှိုက်လှိုက်လှဲလှဲဆုတောင်းဖို့ဖေါ်ပြချင်တာပါ။ အောက်တွင်ဖေါ်ပြထားသောစာအတိုင်းလည်းအသံထွက်လျက်ဆုတောင်းနိုင်ပါတယ်။
ဆုတောင်းချိန် ပုံမှာ ပြထားတဲ့အတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ဆုတောင်းရန် -
“ ကောင်းကင်၊မြေကြီးကိုဖန်ဆင်းတော်မူသောဘုရားသခင်။ သား၊သမီးကျွန်တော်မျိုးသည်ဘုရားသခင်၏အကြောင်းကိုကြားသိခဲ့လျက်ယုံကြည်သက်ဝင်လိုသောကြောင့်ယခုလိုဆုတောင်းရခြင်းဖြစ်ပါတယ်။ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူတဲ့ဘုရား၊ လူသားများကိုလည်ဖန်ဆင်းထားတယ်ဆိုတာကိုသိရှိရပါတယ်။ ယေရှုဘုရားသည်လူသားများ၏အကုသိုလ်ပြစ်ကြွေးများကိုကိုယ်စားခံလျက် အပယ်မလားရအောင်လည်းလုပ်ဆောင်ပေးခဲ့တာကို သိခဲ့ရပါတယ်။ ကျွန်တော်၊မ ပိုလို့နားလည်ချင်ပါတယ်။ ကူမပေးတော်မူပါ။ယေရှုဘုရားက လူသားများကို ချစ်တော်မူကြောင်းသိရှိရပါတယ်။ ကျွန်တော်၊မ၏ဘ၀မှာရှိသော အပူမီးများကိုကူမပေးတော်မူပါ။ ကျွန်တော်၊မဘေးတွင်ရှိနေသည့်အတွက်ကျွန်တော်၊မ၏ဘ၀၏အရှင်ထာ၀ရဘုရားကို ပိုလို့သိရှိနိုင်စေဖို့ရန်အတွက် မစကူညီပေးတော်မူပါ။ယခုဆုတောင်းချက်များကိုတောင်းလျှောက်ရာတွင် လူသားများကိုအသက်ပေးကယ်တင်တော်မူမူခဲ့သော၊ သေခြင်းကိုအောင်မြင်တော်မူခဲ့သော ယေရှုဘုရား၏နာမတော်မြတ်၌ဆုတောင်းပါ၏။အာမင်"
ဂုဏ်ယူပါတယ်။အထက်ပါဆုတောင်းချက်ကိုဆုတောင်းပြီးလိမ့်မယ်လို့ထင်ပါတယ်။သူငယ်ချင်းက ယေရှုဘုရားအကြောင်းပိုလို့သိရှိလိုတယ်ဆိုရင် ကျွန်တော်တို့မှဆက်လက်ကူညီပေးနိုင်ပါတယ်။