သောကပူဆွေးမှု (Part 2)
ထပ်ပြီးတော့ကြိုဆိုလိုက်ပါတယ်။
အသက်ရှင်သော ယေရှုဘုရားက သမ္မာကျမ်းစာမှာ ဒီလိုမိန့်ဆိုထားပါတယ်။ "တစ်ဖန် မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။ ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။"
ယေရမိအနာဂတ္တိကျမ်း ၂၉:၁၂-၁၃" ။ "တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။
- တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။
- သားသည် မုန့်ကိုတောင်းလျှင် မိမိသားအား ကျောက်ကိုပေးမည်သူ၊
- ငါးကို တောင်းလျှင် မြွေကိုပေးမည်သူ တစ်စုံတစ်ယောက်မျှ သင်တို့တွင် ရှိသလော။
- သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ၍ ပေးတော်မူမည် မဟုတ်လော။"
ရှင်မဿဲခရစ်ဝင် ၇:၇-၁၁
" တစ်ဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတ္တံ့။" ရှင်မဿဲခရစ်ဝင် ၁၈:၁၉
ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် ယေရှုဘုရားသည် လူသားများ၏ဆုတောင်းချက်များကို နားထောင်လျက် တင်ပြလာသော သောကပူဆွေးမှုများကို ငြိမ်းအေးချမ်းသာ ဖြစ်စေမည့် ဘုရားဖြစ်ပါတယ်။ ယေရှုဘုရားထံဆုတောင်းခြင်းကြောင့် ဆုတောင်းပြည့်သွားသူများ အဖြစ်မှန်အကြောင်းကို ကြည့်ရှုလိုပါကအောက်ရှိ
ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ