သနားကြင်နာတတ်ခြင်း (Part 4)
ဆုတောင်းချိန် ပုံမှာ ပြထားတဲ့အတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ယေရှုဘုရားကိုယုံကြည်သက်ဝင်လို့ဒီနေရာကိုရောက်ရှိလာခြင်းအတွက်ကြိုဆိုပါတယ်။
ယေရှုဘုရားကလေသူငယ်ချင်းကိုချစ်ပြီးသူငယ်ချင်းကိုသိတဲ့ဘုရား၊သူငယ်ချင်းအနားမှာဘဲရှိနေလို့ဒီလိုလုပ်ကြည့်ဖို့မေတ္တာဖြင့်ဖေါ်ပြအကြံပြုပါရစေ။သူငယ်ချင်းကိုယ်တိုင်စိတ်နှလုံးပါစွာဖြင့်ရင်ထဲကနေလှိုက်လှိုက်လှဲလှဲဆုတောင်းဖို့ဖေါ်ပြချင်တာပါ။
ဒူးထောက်လျက်ဖြစ်စေ၊မတ်တပ်ရပ်လျက်ဖြစ်စေ၊အဆင်ပြေသလိုတိတ်ဆိတ်သောအခန်းတွင်ယေရှုဘုရားကိုဆုတောင်းနိုင်ပါတယ်။အောက်တွင်ဖေါ်ပြထားသောစာအတိုင်းလည်းအသံထွက်လျက်ဆုတောင်းနိုင်ပါတယ်။
ဆုတောင်းရန် “ ကောင်းကင်၊မြေကြီးကိုဖန်ဆင်းတော်မူသောဘုရားသခင်။သား၊သမီးကျွန်တော်မျိုးသည် ဘုရားသခင်၏အကြောင်းကိုကြားသိခဲ့လျက်ယုံကြည်သက်ဝင်လိုသောကြောင့်ယခုလိုဆုတောင်းရခြင်းဖြစ်ပါတယ်။ ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူတဲ့ဘုရား၊လူသားများကိုလည်ဖန်ဆင်းထားတယ်ဆိုတာကိုသိရှိရပါတယ်။
ယေရှုဘုရားသည်လူသားများ၏အကုသိုလ်ပြစ်ကြွေးများကိုကိုယ်စားခံလျက်အပယ်မလားရအောင်လည်းလုပ်ဆောင်ပေးခဲ့တာကိုသိခဲ့ရပါတယ်။
ကျွန်တော်၊မ ပိုလို့နားလည်ချင်ပါတယ်။ ကူမပေးတော်မူပါ။ယေရှုဘုရားသည်လူသားများချစ်တော်မူကြောင်းသိရှိရပါတယ်။
ကျွန်တော်၊မ၏ဘ၀ရှိအပူမီးများကိုကူမပေးတော်မူပါ။ကျွန်တော်၊မဘေးတွင်ရှိနေသည့်အတွက်ကျွန်တော်၊မ၏ဘ၀၏အရှင်ထာ၀ရဘုရားကိုပိုလို့သိရှိနိုင်စေဖို့ရန်အတွက်မစကူညီပေးတော်မူပါ။ယခုဆုတောင်းချက်များကိုတောင်းလျှောက်ရာတွင်လူသားများကိုအသက်ပေးကယ်တင်တော်မူမူခဲ့သော၊သေခြင်းကိုအောင်မြင်တော်မူခဲ့သောယေရှုဘုရား၏နာမတော်မြတ်၌ဆုတောင်းပါ၏။အာမင်"
ဂုဏ်ယူပါတယ်။အထက်ပါဆုတောင်းချက်ကိုဆုတောင်းပြီးလိမ့်မယ်လို့ထင်ပါတယ်။သူငယ်ချင်းက ယေရှုဘုရားအကြောင်းပိုလို့သိရှိလိုတယ်ဆိုရင်ခရစ်ယာန်အသင်းတော်တစ်ပါးပါး၊
ဒါမှမဟုတ်ဓမ္မဆရာတစ်ဦးဦးနှင့်မိတ်ဆက်ပေးလျက်ကူညီပေးနိုင်ပါတယ်။