ဘ၀ရဲ့ရည်ရွယ်ချက် (Part 2)
ထပ်ပြီးတော့ကြိုဆိုလိုက်ပြန်ပါတယ်။
ကျွန်တော်ကတော့ ဘ၀ရဲ့အဓိပ္ပါယ်ကို စစ်မှန်စွာရွေးချယ်ခြင်းလို့ သတ်မှတ်ချင်တယ်။ ရွေးချယ်ခွင့်ရှိသောဘ၀ပေါ့။ ဘယ်အရာကို စစ်မှန်စွာရွေးချယ်ရမှာပါလဲ။
ယခုဘ၀အတွက်ကော၊ နောင်ဘ၀အတွက်ကိုပါ အာမခံချက်ပေးနိုင်သော ဘုရားသခင်ကို ရွေးချယ်ဖို့ပါ။ ဘာလို့ရွေးချယ်ရမှာပါလဲ။ ဘာလို့ဆို ထိုဘုရားသခင်ဟာ လူသားတိုင်းကို ဖန်ဆင်းသောဘုရားသခင်ဖြစ်နေလို့ပါ။ သမ္မာကျမ်းစာထဲတွင် ယခုလိုဖေါ်ပြထားပါတယ်။ "တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့ (ကမ္ဘာဦးကျမ်း ၁း ၂၆)"။
နောက်တချက်က ထိုဘုရားကပဲ ယခုဘ၀အတွက်ကိုသာမကနောင်ဘ၀အတွက်ကိုပါ အာမခံချက်ပြင်ဆင်ပေးတဲ့ဘုရားသခင်ဖြစ်နေလို့ပါ။ နောင်ဘ၀ကို ဘယ်လိုအာမခံပေးတာလဲ။
သမ္မာကျမ်းစာမှာ ဒီလိုဖေါ်ပြထားပါတယ်။ "ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ (ရှင်ယောဟန်ခရစ်ဝင် ၃း၁၆)"
လူသားတွေရဲ့အကုသိုလ်အပြစ်တရားတွေအတွက် ကြားခံဖြေရှင်းပေးဖို့ ဘုရားသခင်က သူရဲ့တစ်ပါးတည်းသောသားတော်ကို လောကကိုစေလွှတ်ပြီး လူသားများတို့၏အကုသိုလ်များကို ကိုယ်စားခံစေလျက် အသေခံစေခဲ့တာပါ။
ဒါကိုယုံကြည်သိရှိသွားသူရဲ့နောင်ဘ၀ဟာအပယ်မလားရဖို့ လုံး၀အာမခံချက်ရှိပါတယ်။ အခုနက ကျွန်တော်ဆိုခဲ့ပါတယ်။ ဘ၀ဆိုတာက စစ်မှန်စွာရွေးချယ်ခြင်းဆိုပြီးတော့ကိုလေ။ ဘ၀မှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ စသည်ဖြင့်များစွာ ကြုံတွေ့ရမှာပါ။
ဒါတွေကို လူသားကိုဖန်ဆင်းတဲ့ဘုရားက အကုန်ဖြေရှင်းပေးနိုင်ပါတယ်။ ယခုဘ၀အတွက်သာမက နောင်ဘ၀အတွက်ကိုပါ ဖြေရှင်းပေးပြီးသားပါ။ ဒါကြောင့် ယခုဘ၀ဟာ ရွေးချယ်ခွင့်ရှိသော ဘ၀ဖြစ်နေလို့ လူသားတိုင်းကိုဖန်ဆင်းသော ဘုရားသခင်ကို ရွေးချယ်ခြင်းဖြင့်ဖြတ်သန်းသင့်တယ်။
ဘုရားသခင်ကိုရွေးချယ်သွားသော ဖြစ်ရပ်မှန်အကြောင်းအရာများရှိပါတယ်။ ဒါကိုသိရှိလိုပါကအောက်ရှိ
ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ