သနားကြင်နာတတ်ခြင်း (Part 2)
ထပ်ပြီးတော့ကြိုဆိုလိုက်ပြန်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းကိုသိပြီး၊ လူသားတိုင်းရဲ့နာကြင်မှုတွေကို သနားကြင်နာခြင်းအပြည့်ဖြင့် ကူညီပေးနေသူတစ်ဦးကတော့ လူသားအားလုံးကို ဖန်ဆင်းတော်မူတဲ့ ဖန်ဆင်းရှင် ထာ၀ရဘုရားပဲဖြစ်တယ်။
လူသားတိုင်းရဲ့နာကြင်မှု ဆိုရာမှာတော့ လူသားတွေရဲ့ ခန္ဓာရေးရာနာကြင်မှု၊ စိတ်ဓါတ်ရေးရာနာကြင်မှုနဲ့အတူ ဝိညာဉ်ရေးရာနာကြင်မှုဆိုပြီးရှိတာပေါ့။ ဒါတွေအားလုံးအတွက် ထာ၀ရဘုရားသခင်က သနားကြင်နာမှုအပြည့်ဖြင့် ကူညီနေပါတယ်။ ဒါကိုဘယ်လိုသိနိုင်မလည်းဆိုရင် သမ္မာကျမ်းမှာပါတဲ့ ကျမ်းပိုဒ်အနည်းငယ်ကိုကြည့်ကြရမှာပါ။
၁။ ခန္ဓာရေးရာအတွက်နာကြင်မှုတွေမှာ မနာကျန်းမှုတွေ၊ ရောဂါခံစားနေရမှုတွေစဖြင့်တွေပေါ့။ဒါတွေအတွက်သမ္မာကျမ်းစာပိုဒ်အချို့မှာဒီလိုဖေါ်ပြမိန့်ဆိုထားပါတယ်။။ ငါသည် သင်တို့၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။ (ထွက်မြောက်ရာကျမ်း ၁၅း၂၆)
ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များ ကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်း သည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသော ဒဏ်ချက်အား ဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။(ဟေရှာယအနာဂတ္တိကျမ်း ၅၃း၅)
၂။စိတ်ပိုင်းဆိုင်ရာနာကြင်မှု အလုပ်အကိုင်ကြောင့်စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေ၊ လူမှုရေးကိစ္စများကြောင့်၊ မိသားစုကိစ္စများကြောင့်နာကြင်မှုတွေ ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။(ရှင်မဿဲခရစ်ဝင် ၁၁း၂၈)
၃။ဝိညာဉ်ရေးရာနာကြင်မှု (နောင်တမလွန်အတွက်စိတ်ပူနေမှုများ၊ ကောင်းသောနေရာမရောက်မှာကိုစိတ်ပူနေမှုများ) ဒီအချက်ကတော့သိပ်ပြီးအရေးကြီးပြီး၊လူသားတွေကိုဘုရားသခင်သည်လွန်စွာသနားကြင်နာတာကိုတွေ့ရှိရမှာပါ။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ (ရှင်ယောဟန်ခရစ်ဝင် ၃း၁၆)
ထာ၀ရဘုရားသည် လူသားတိုင်း၏အပြစ်အကုသိုလ်ကျူးလွန်မှုများကြောင့်နောင်တမလွန်တွင်အပယ်လားရမည့်သူများအားလုံးအတွက် ဘုရားသခင်၏ချစ်လှစွာသောတစ်ပါးတည်းသောသားတော်ကို လူသားအားလုံးအပြစ်အကုသိုလ်ကင်းစင်လျက်နောင်တမလွန်တွင်အပယ်မလားရဖို့အတွက် သားတော်ကို လူသားများအတွက်စွန့်ခဲ့ပါတယ်။
ဒါတွေသည် လူသားများကို ထာ၀ရဘုရားမှ သနားကြင်နာခြင်း မဟုတ်ပေဘူးလား။
ဘုရားသခင်၏သနားကြင်နာခြင်းခံစားရပြီး အမြင်ပွင့်သွားသော ဖြစ်ရပ်မှန်အကြောင်းအရာများကိုသိရှိလိုပါက
ဆက်လက်လေ့လာမည်ကို နှိပ်လိုက်ပါ