အရက်နှင့် တားမြစ်ဆေး (Part 1)
Welcomeပါ...ရောက်လာခြင်းကို ကြိုဆိုပါတယ်။
မူးယဇ်ဆေးဝါးနဲ့အရက်ဆိုတာကလေ လူသားကို(လုံး၀)အကျိုးမပြုပဲ ကျဆုံးစေတဲ့အရာပါ။
မူးယစ်ဆေးဝါးနဲ့ အရက်သေစာကြောင့် လူငယ်၊လူလတ်နဲ့လူကြီး အိမ်ထောင်မိသားစုပေါင်းများစွာ ပျက်စီးကျဆုံးနေကြတယ်။ တချို့ဖြတ်လမ်းနည်းနဲ့ ချမ်းသာချင်သူများက မူးယဇ်ဆေးဝါးနဲ့ စီးပွါးရှာလျက် လူသားအရင်းအမြစ်များစွာကို ဖျက်ဆီးနေကြတယ်။
မူးယစ်ဆေးဆိုတဲ့အခါ ဆေးခြောက်၊ ဖန်စီဒိုင်း၊ ဘိန်းဖြူ၊ဘိန်းမဲကိုပဲ လူက ထင်နေတတ်ကြပေမယ့် တကယ်တော့ မူးယစ်ဆေးထဲမှာ ကွမ်းယာ၊ဆေးလိပ်၊ အရက်အကုန်ပါနေပါတယ်။ မူးယဇ်ဆေးဝါးဆိုတဲ့အတိုင်းပဲ လူကိုမူးယဇ်စေတယ်။ ထုံထိုင်းစေတယ်။ ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်စေတယ်။ မှုခင်းတွေဖြစ်စေတယ်။ လူ့ပတ်ဝန်းကျင်ကို အကျိုးမပြုသူဖြစ်စေတယ်။
ဒီလိုအချက်တွေကြောင့် မိသားစုတွေ၊ လူသားအရင်းအမြစ်တွေ ကျဆုံးကုန်ရခြင်းဖြစ်တယ်။ အခုနောက်ပိုင်းပေါ်လာတဲ့ လူငယ်အသုံးများတဲ့ ရာမတို့.WY ဆေးပြားတို့ကလည်း တကယ့်အန္တရာယ်ပါ။ အထူးသဖြင့် မြန်မာပြည်မှာ အသိညဏ်တွေက နိမ့်ပါး၊ စားဝတ်နေရေးကြောင့် မကောင်းမှုက ပေါင်းစုံ၊ အသိညဏ်ကလည်းနည်းပြန်တော့ ဒုစရိုက်ကမှိုလိုပေါလာပြီး လူသားမျာစွာကျဆုံးကုန်ကျတယ်။
ဆက်လက်လေ့လာမည်ကို နှိပ်ပါ