Daesung
Daesung
Big Bang band
Big Bang band
Big Bang အဖွဲ့တစ်ခုလုံးက ခရစ်ယာန်တွေ ဖြစ်ကြပါတယ်။
အဲဒီထဲက Daesung တစ်ယောက်ကတော့ သူ့ရဲ့ ယုံကြည်မှုနဲ့ဆိုင်ပြီး ထုတ်ဖော်ပြောဖူးပါတယ်။
အင်တာဗျူးတစ်ခုမှာ ဒီလို ဖြေဖူးပါတယ် ...
“ဖျော်ဖြေရေးလောကထဲက အနုပညာသမားတော်တော်များများက မိမိကိုယ်ကို သတ်သေကြတဲ့လူ များပါတယ်။ ဘာကြောင့်လဲဆိုတာ ကျွန်တော် အပြည့်အ၀ နားလည်သွားပါပြီ။ ကျွန်တော့်မှာ ယုံကြည်မှု (ဘာသာတရား) သာ ရှိမနေခဲ့ဘူးဆိုရင် ကျွန်တော်လည်း အဲဒီလမ်းကို ရွေးဖြစ်နိုင်ပါတယ်။
ဒါကြောင့်မို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ကျွန်တော့်ကို ရေးထားတဲ့ comment တွေကို ဖတ်လိုက်ရင် ကျွန်တော့်နှလုံးသားကို ထိုးလိုက်သလို ခံစားရပါတယ်။ အနာကျင်ဆုံး comment ကတော့ ကျွန်တော့်ကို လူသတ်သမားလို့ ခေါ်တာကို ဖတ်မိတာပါပဲ။ အပြင်ထွက် လမ်းလျှောက်တော့လည်း ကျွန်တော့်ကို လူသတ်သမားကို ကြည့်တဲ့အကြည့်မျိုးနဲ့ ကြည့်နေသလို ခံစားရပါတယ်”