Chris Pratt

သရုပ်ဆောင်

နာမည်ကြီး ရုပ်ရှင်ရုံတွေမှာ ပြသခဲ့တဲ့ Avengers : Endgame မှာ Star Lord အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့သူ ၊ 
၂၀၂၀ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Onward ရုပ်ရှင်ဇာတ်ကားမှာလည်း Spider - Man မင်းသားနဲ့အတူ အဓိက အသံသရုပ်ဆောင်အဖြစ်လည်း ပါဝင်ဖူးသူ ဖြစ်တဲ့ Chris Pratt လည်း ခရစ်ယာန်တစ်ယောက် ဖြစ်ပါတယ်။

Guardians of the Galaxy ဇာတ်ကားကို သင်လည်း ကြည့်ဖူးပါလိမ့်မယ်။ အဲဒီဇာတ်ကားမှာလည်း Chris Pratt က အဓိက သရုပ်ဆောင် ဖြစ်ပါတယ်။

 ဘုရားသခင်အပေါ် သူထားတဲ့ ယုံကြည်ချက်ကို MTV Movie and TV Awards ဆုပေးပွဲမှာ MTV Generation Award ဆုတက်ယူချိန် ဝေမျှခဲ့ပါတယ်။

ဘုရားသခင် တကယ်ရှိပါတယ်။ သူ သင်တို့ကို ချစ်ပါတယ်။ သူကတော့ သင့်အတွက် အကောင်းဆုံးသာ ပေးချင်သူပါ။ အဲဒါကို ယုံကြည်လိုက်ပါ။ 
ကျွန်တော်လည်း ယုံကြည်ပါတယ်။ ဆုတောင်းခြင်းကို သင်ယူပါ။ ဒါကတော့ လွယ်ကူပါတယ်။ ပြီးတော့ ဝိညာဉ်အတွက်လည်း ကောင်းပါတယ်။” 

(သူသုံးနှုန်းထားတဲ့ ဝိညာဉ် ဆိုတာ ခရစ်ယာန် အခေါ်အဝေါ် ဖြစ်ပါတယ်။ ခရစ်ယာန် ယုံကြည်မှုမှာ လူတိုင်းမှာ ခန္ဓာကိုယ် နဲ့ ဝိညာဉ် ဆိုတာ ရှိပါတယ်။ 
ခန္ဓာကိုယ် ဆိုတာ သေသွားရင် ပျောက်ဆုံးသွားနိုင်ပြီး ဝိညာဉ်ဆိုတာကတော့ ငရဲ (သို့မဟုတ်) ကောင်းကင် သွားရမှာပါ။)

ဝေမျှရန်